သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ရိုဘတ်စတာကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Aug 19,2024
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်း၊ မျိုးသန့်များရရှိစေရန်၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီစိုက်ခင်း ၃ ခုမှ မြို့နယ်အတွင်းရှိ တောင်သူများအား ရိုဘတ်စတာကော်ဖီပျိုးပင် ၁ သိန်းကျော်အား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။