ရပ်စောက် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြိုနယ်အတွင်းရှိရုံးများသို့ ကွင်းဆင်း၍ အခမဲ့ငှားရမ်းပေးကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ တိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ပြောသည်။ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ ကာတွန်းများပါဝင်သည့် စာအုပ် စာစောင်မျိုးစုံကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မြို့နယ်အတွင်းရှိရုံးများသို့ ကွင်းဆင်း၍ အခမဲ့ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)