ထားဝယ် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Polytechnic University တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ Polytechnic University ၌ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ပပမင်းက “တောမီးလောင်ကျွမ်းခြင်းနှင့်မီးခိုးမြူငွေ့အန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးမှူး ဒေါ်တင်ဇာဖြိုးက “အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာမျှဝေဟောပြောခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/မများ၊ ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေသည်။
ဆက်လက်၍တက်ရောက်လာသူများအား “မမြင်နိုင်သောလူသတ်သမား PM2.5 အကြောင်းသိကောင်း စရာ” အသိပညာပေး Video Clip အား ပြသပြီးကျောင်းသား/သူများနှင့်မေးခွန်းများမြန်းကာ “ကမ္ဘာမြေထိန်းသိမ်းခြင်း” အသိပညာပေးစာအုပ်များအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)