Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ငပုဝောာမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စုနှင့် ကတ္တရာဝကျေးရွာအုပ်စုတို့တွင် အသက် ၁၈နှစ်နှင့်အထက် လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ
Feb 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ Super- sun 41 နေကြာမျိုးစေ့ချစိုက်ပျိုးပွဲနှင့် မြေနိမ့်ကော်ဖီပင် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ငပုဝောာမြို့နယ် တမန်ချောင်း ကျေးရွာအုပ်စုတောင်သူ မန်းဖိုးလေဗွေ၏ ဥယျာဉ်ခြံမြေအတွင်း စိုက်ပျိုးထားသည့် မြေနိမ့်ကော်ဖီသီးနှံပင်အား ၁၅ ပတ်လည် Compound မြေဩဇာထည့်သွင်းကျွေးမွေးနေမှုအား ကြည့်ရှု့အားပေးပြီး တာဝန်ရှိသူထံ လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 06,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ ကလေးသူငယ်များအပေါ် အဓ္ဓမပြုကျင့်ခံရမှု မဖြစ်ပွားရေးနှင့် ထူးခြားဖြစ်စဉ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပြင်ခရိုင်တွင် ကလေးသူငယ်များအပေါ် အဓ္ဓမပြုကျင့်ခံရမှု မဖြစ်ပွားရေးနှင့် ထူးခြားဖြစ်စဉ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းရှိ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့ အ.ထ.က (၂)တွင် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
Feb 06,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်အား ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Feb 06,2025
“အထက်မှာ ကောင်းမှုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်မှာ ရွှေတိဂုံ”ဟူ၍ ဆိုရိုးစကားရှိသည်နှင့်အညီ ထင်ရှားကျော်ကြားသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ(၇)ရက်နေ့မှ(၁၂)ရက်နေ့အထိ (၆)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3055
Page
3056
Page
3057
Page
3058
Current page
3059
Page
3060
Page
3061
Page
3062
Page
3063
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department