သတင်းများ

ကော့ကရိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 07,2025
၂၀၂၅ ခုနှစ်၊‌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၆) အခြေခံပညာမူလွန်ကျောင်းများသို့ ယနေ့နံနက် ၉ နာရီ အချိန်က သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်
Feb 07,2025
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်စေရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကွန်ဟိန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 07,2025
ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းနှင့် သီရိရတနာဈေးသို့ သွားရောက်ကြည့်ရှု
Feb 07,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး(ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းနှင့် သီရိရတနာဈေးသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သရက်မြို့၌ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 07,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆာက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါရုံးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေတို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး စဉ့်ကိုင်မြို့နယ် ဆောင်းနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်(၃)ဧက စံပြကွက်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 07,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာရှိ တောင်သူ ဦးတွတ်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၆၉) တွင် စိုက်ပျိုးထားသော ဆောင်းနေကြာ (ဆင်းရွေကြာ-၂) မျိုးစေ့ထုတ် (၃)ဧက စံပြကွက်စိုက်ပျိုးထားရှိမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီ‌ပြိုင်ပွဲ ကျင်းပ
Feb 07,2025
၂၀၂၅ခုနှစ်၊‌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre)  ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်မျာအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Feb 06,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးသည်။