သတင်းများ

ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့မှ လေလံရောင်းချပွဲ အခမ်းအနားကျင်းပ
Feb 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြိုနယ်နှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာတို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာားရေးနှစ်အတွက် အရပ်ရပ်အခွင့်ရေးလုပ်ငန်းလိုင်စင်(၂၉)ခုနှင့် သားသတ်လိုင်စင် (၂၂)ခုတို့၏ လုပ်ကိုင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ရဿဝတီခန်းမ၌ကျင်းပပြုလုပ်ရာ  မြို့နယ်လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဦးသက်အောင်က အမှာစကားပြောကြားသည်။
ဒဂုံမြို့နယ်၊ အိမ်တော်ယာဘုရား၀န်းတွင် COVID vaccine (p-fizer) ထိုးနှံပေး
Feb 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ အိမ်တော်ရာဘုရား၀န်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ပြည်သူများကို COVID vaccine (p-fizer) ထိုးနှံပေးနေကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်
Feb 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညမူလတန်းကျောင်းတွင် ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ခဲ့သည်။
လဲချားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်
Feb 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(လဲချား)ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
ဒဂုံမြို့နယ်၊ ဒဂုံရိပ်သာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် သရုပ်ပြ
Feb 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံရိပ်သာဈေးတွင်ပွင့်လင်းရာသီမီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးအတွက် သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၄၅ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Feb 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မိုင်းစိတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ
Feb 06,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီရိုင်၊ မိုးညိုမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မိကပရိယတ္တိစာသင်တိုက်၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး
Feb 06,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။