သရက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆာက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါရုံးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေတို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာမှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှာ ခရိုင်ရုံး (၄၀) ကို ဖွဲ့စည်းပုံ အသစ်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးတော့ သရက်ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနကိုတော့ ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ရုံးစတင်ဖွင့်လှစ်ခဲ့ပြီး သရက်ခရိုင်ရုံးအနေနဲ့ ရုံးစတင်ဖွင့်လှစ်ချိန်က ယနေ့ထိ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် (၁၉၉) ခု၊ အသေးစားထုတ်ကုန်များ ဓာတ်ခွဲစမ်းသပ်ပေးနိုင်မှု (၉၇) ခု၊ MSME ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးနိုင်မှု (၃) ကြိမ်၊ အသက်မွေးဝမ်းကျာင်း ကာလတိုသင်တန်း ဖွင့်လှစ်ပေးနိုင်မှု (၁၃) ကြိမ်မှ လူငန်းထူထောင်သူ (၃၅) ဦး၊ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း (၅) ခု ဆောင်ရွက်နိုင်မှုမှ လုပ်ငန်းထူထောင်သူ (၂၅) ဦးစသည်တို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောကြားပေးခဲ့ပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက သရက်ခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ရုံးအဆောက်အအုံသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပပြီး ရုံးအဆောက်အအုံသစ်နှင့်စပ်လျဉ်းသည့် မှတ်တမ်းများအား ချိုဇင်သံသာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာမှ ပေးအပ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးလင်းထက်အောင်မှ လက်ခံပေးခဲ့သည် ဆက်လက်၍ ရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူ အသီးသီးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)