မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး စဉ့်ကိုင်မြို့နယ် ဆောင်းနေကြာ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်(၃)ဧက စံပြကွက်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စဉ့်ကိုင် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာရှိ တောင်သူ ဦးတွတ်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၆၉) တွင် စိုက်ပျိုးထားသော ဆောင်းနေကြာ (ဆင်းရွေကြာ-၂) မျိုးစေ့ထုတ် (၃)ဧက စံပြကွက်စိုက်ပျိုးထားရှိမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမှားစကား ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး‌ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်က မြို့နယ်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော တောင်သူများက မိမိတို့၏ အခက်အခဲများကို တင်ပြခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့‌ကြောင်းနှင့် ဆောင်းနေကြာ (ဆင်းရွေကြာ-၂) မျိုးစေ့ထုတ် (၃)ဧက စံပြကွက်စိုက်ခင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရသည်။

ကျော်စွာ (စဉ့်ကိုင်)