ရေနံချောင်း ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီသတ်ဦးစီးမှူး ဦးကြည်စိုးဟန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင် ငါးဆိုင်အား မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ အရန်သင့်ထားရှိမှုရှိ မရှိ၊ မီးသတ်ရေကန်များ ရေလုံလောက်မှုရှိ မရှိ၊ ဆီသိုလှောင်ကန်များ စနစ်တကျသိုလှောင်မှုနှင့် ယိုစိမ့်မှုရှိ မရှိ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများဆောင်ရွက်ထားမှုရှိ၊ မရှိ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေများနှင့် လမ်းနယ်နှင့်လွတ်ကင်းမှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးကာ စက်သုံးဆီအရောင်းဆိုင်တာဝန်ခံများနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်