မိုင်းတုံမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ
Feb 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှဖတ်ကြားပြီးနောက် ရိုးရာအကပဒေသာများနှင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။