မလှိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိရေး အိမ်ထောင်စုလူဦး‌ရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေး

မလှိုင် ဩဂုတ် ၂၆

၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို အိမ်ထောင်စု လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မလှိုင်မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်တင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများပူးပေါင်း၍ မဲစာရင်းကျန်ရှိမှုများမရှိစေရေး၊ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှံးမှုမဖြစ်စေရေးနှင့် မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် အိမ်ထောင်စုလူဦး‌ရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်အိမ်တက်ဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ကျေးရွာအုပ်စုများတွင်လည်း အိမ်ထောင်စု လူဦး‌ရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို သက်ဆိုင်ရာနယ်မြေအလိုက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)