သတင်းများ

သာယာဝတီမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးမှုအသိပညာပေး လက်တွေ့ကွင်းဆင်းပြသ
Aug 26,2020
သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် တောင်သူများအား မျိုးစေ့ထုတ်လုပ်ငန်းစိုက်ပျိုးမှု အသိပညာလက်တွေ့ ကွင်းဆင်းပြသခြင်းကို ယနေ့နံနက် ၇နာရီ အချိန်က ဇိမ်ဇာကျေးရွာအုပ်စု၊ ဇိမ်ဇာကျေးရွာ၊ တောင်သူ ဦးတင်ဝင်း၏ စံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့၌ တောင်သူများအား စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်လှစ်ပို့ချ
Aug 26,2020
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိတောင်သူများအား Capacity Building Training for Compact Farmers တောင်သူစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တောင်ကျချောင်းရေတိုက်စားမှုကြောင့် အင်းခွ-တောင်ဒီးလမ်းပေါ်ရှိ တံတားတစ်စင်း မြေထိန်းနံရံနှင့် ချဉ်ကပ်လမ်းနိမ့်ကျ
Aug 26,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ (၂၂) ရက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားကာ အင်းခွရွာနှင့် တောင်ဒီးရွာလမ်းပေါ်ရှိ ဝင်ရော်ဆိပ်ကြီးကျေးရွာနှင့် တောင်ဒီးရွာကြား မိုင်တိုင်(၀/၀) မိုင်နှင့် (၁/၀) မိုင်ကြားတွင်ရှိသော ၂၀၁၅ ခုနှစ်တွင် ဝင်းရော်ဆိပ်ကြီးကျေးရွာမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် ကျောက်ရိုးစီအုတ်ခုံခံကွန်ကရစ်ကြမ်းခင်းတံတား (၃၀ ပေ×၁၂ပေ) သည် မြေထိန်းနံရံနှင့် ချဉ်းကပ်လမ်းနိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည်။
ဘိုကလေးမြို့နယ် ထွေ/အုပ် ဝန်ထမ်းများမှ နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှ
Aug 26,2020
ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုသည် နေ့စဉ်နှင့်အမျှ မြင့်မားလျက်ရှိရာ ရောဂါပြန့်ပွားမှု တားဆီးကာကွယ် နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ဘိုကလေးမြို့၏ လူစည်ကားရာ အရပ်ဖြစ်သော အောက်ပိုင်း ဘောလုံးကွင်းဒေါင့်တွင် သွားလာလှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေကြပြီး နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်ကြသည်။
ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကျင်းပ
Aug 26,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ကြိုတင် ကာကွယ် ရေး နည်းလမ်းများ၊ လူကုန်ကူးမှုခံရသူများအား အလုပ်အကိုင်ပြန်လည်ရရှိနိုင်ရေး၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာအချက်အလက်များကိုသိရှိစေရန်အတွက် လူကုန်ကူးမှု တာဆီးကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲ (Talk Show) ကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ချောင်းဆုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး စာကြည့်တိုက်ခန်းမတွင် ကျင်းပသည်။
မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးဆောင်ရွက်
Aug 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူ များအား နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ယမန်နေ့ နံနက်(၇) နာရီက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ပေါက်မြို့နယ် ချောင်းနားရွာမကျေးရွာ၊‌ စာသင်ကျောင်းဆောင် ပြုပြင် တည်ဆောက် ခြင်း၊ ကျေးရွာတွင်း မြေနီလမ်းခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်း ပြီးစီး အောင်မြင်မှု ဖွင့်ပွဲနှင့် လူထုစစ်တမ်းကောက်ယူ
Aug 26,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက် နေပြည်သူများ၏ ထည့်ဝင် ငွေများဖြင့် ပေါက်မြို့နယ် ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနားရွာမကျေးရွာ စာသင် ကျောင်းဆောင် ပြုပြင်တည်ဆောက်လုပ်ခြင်း၊ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်းနှင့် ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းပြီးစီးအောင်မြင်မှုဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူခြင်းကို စာသင် ကျောင်းရှေ့၌ သြဂုတ် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။