စေတုတ္တရာ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြု လုပ်ရ ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်များရောင်းချခြင်းရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ကွာအတွင် ရှိစေရေးနှင့် ပါဆယ်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချရေး၊ မြို့နယ် စည်ပင်သာယာဈေးတွင် ဈေးရောင်းဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချစေရေး ကြပ်မတ်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေး တင်ပြခဲ့ ပြီးနောက် တက်ရောက်လာကြသော မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များအား အသီးသီး အကြံပြု ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)