မင်းတုန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်း စစ်ဆေး
Aug 26,2020
မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျွဲဘေးကျေးရွာ အုပ်စု၊ ကျွဲဘေး(အထက်) ကျေးရွာတွင် ရွာအဝင် လမ်းနှင့် ရွာတွင်းလမ်းခင်းခြင်း လုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။