သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ရပ်ကွက်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရပိုလျှံရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်
Aug 26,2020
ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ၏ ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ တောင်ညွန့်ရပ်ကွက်ရှိ (၁၀၉) လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိ ယနေ့)ကျင်းပ
Aug 26,2020
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိ ယနေ့)ကို သြဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီက မော်လမြိုင် မွန်ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 26,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မိုးတွင်းကာလများ၌ ဖြစ်ပွားလေ့ရှိသည့်
စလင်းမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းစိစစ်ဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ(၈)ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြု လုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများကို သ
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီး ပံ့ပိုးကူညီရေးအဖွဲနှင့် မြို့နယ်မဲစာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီများ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 26,2020
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်ကော်မရှင်ရုံး အစည်းအဝေး ခန်းမတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းထားရှိသည့် မဲစာရင်း ကောက်ခံရေး ပံ့ပိုးကူညီမှုအဖွဲ့နှင့် မြို့နယ်မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့က ကျင်းပခဲ့သည်။
ကန်ကြီးထောင့် မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
Aug 26,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပြည်သူများ ရောဂါကာကွယ်ရေး အသိသတိအမြဲ ရှိနေစေရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယနေ့ နံနက် ၉ နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်
Aug 26,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့်
စုကလိမြို့တွင် ကားလမ်းပေါ်မြေပြိုကျမှုအား ပူးပေါင်းရှင်းလင်း
Aug 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့မှ စခန်းသစ်ကျေးရွာသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်းပိုင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းပေါ်မြေပြိုကျမှုအား ယနေ့နံနက် ၇ နာရီအချိန်က ပူးပေါင်းရှင်းလင်းကြသည်။