ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ကလော ဖေဖော်ဝါရီ ၇

ကျောင်းသား/ကျောင်းသူ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်တာဝန်ခံဆရာမကြီး ဒေါ်လဲ့လဲ့ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်စန်းစန်းယဉ်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ကာ ကလောမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများဖြစ်သည့် Grade-12 ကျောင်းသား မောင်ကျော်မင်းခန့်က လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-11  ကျောင်းသား မောင်ထူးခန့်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 ကျောင်းသား မောင်‌အောင်မျိုးမင်းက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 ကျောင်းသူ မစိမ်းလဲ့လဲ့ထွေးက လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဥ်နှင့်၊ Grade-11 ကျောင်းသူ မဆုလတ်ရတီကျော်က လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်များဖြင့်  ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ဆွေးနွေးခေါင်းစဉ်အလိုက် သိရှိလိုသည်များအားပြန်လည်‌ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့‌နောက် စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်များကို  လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)