ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club၊ Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက​ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club၊ Women Club)များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "ပန်းတိုင်ကဘာလဲနှင့် အခြေားဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြသည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့ရာ  စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club၊ Women Club) အဖွဲ့ဝင်များ​​​ဖြစ်ကြသော ဦးအေးသန်း၊ ဦးမြတ်ထွန်း၊ ဒေါ်မိုးမင်းစန်း၊ ဒေါ်စန်းစန်းတင့်တို့က စာရေးဆရာ လူထုစိန်ဝင်းရေးသားသော ဒုတိယအကြိမ်ထုတ်ဝေသည့် "ပန်းတိုင်ကဘာလဲနှင့် အခြေားဆောင်းပါးများ" စာအုပ်မှ  မိမိတို့မှတ်သားထားသည့် အကြောင်းအရာများကို သုံးသပ်ဆွေးနွေးကြသည်။ ထို့နောက် (Book Club၊ Women Club) များကလည်း အသီးသီးအပြန်အလှန်ဝင်ရောက် ဆွေးနွေးကြသည်။

ကြံခင်းမြိုနယ် လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမတွင် လစဉ် စာဖတ်ဝိုင်းများ၊ ကလေးငယ်များဗဟုသုတရရှိစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အရုပ်ဆက်၊ စကားပုံဆက်၊ ပဟေဠိပြိုင်ပွဲများကို ကျင်းပပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် facebook page မှ သုတ၊ရသစာအုပ်များမိတ်ဆက်ပေးခြင်း၊ အသိပညာဗဟုသုတများဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)