သတင်းများ

ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်
Feb 16,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှဂေါပက အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Feb 16,2025
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် တက်ရောက်သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းနှင့် ကျေးရွာစာကြည့်တိုက်ကို ကွင်းဆင်းကြည့်ရှု
Feb 16,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းနှင့် ရွှေးစုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းလမ်း၊ ရွှေဥဒေါင်းကျေးရွာ စာကြည့်တိုက်အဆောက်အဦ ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီခွဲက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂိုဏ်းလုံးဆိုင်ရာ မဟာနာယက ပူဇော်ပွဲနှင့် သန္နိပါတသံဃာ့အစည်းအဝေးပွဲကြီး ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ
Feb 16,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ဓမ္မာနုဓမ္မ မဟာဒွါရနိကာယ ဂိုဏ်းလုံးဆိုင်ရာ မဟာနာယကပူဇော်ပွဲနှင့် သန္နိပါတသံဃာ့အစည်းအဝေးပွဲကြီး” ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မိဂဒါဝုန်ကျောင်းတိုက်၊ သန္တိသုခ အတုလဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ သာသနာပိုင်ဆရာတော် ဘုရားကြီးများ၊ ဂဏဥသျှောင် ဆရာတော်ဘုရားကြီးများနှင့် ဝန်ဆောင်ဆရာတော်ဘုရားကြီးများ ကြွရောက်တော်မူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်များက တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ ကုသိနာရုံဘုရားကြီးနှင့် သိမ်တော်ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်
Feb 15,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၌ ကုသိနာရုံဘုရားကြီးနှင့် သိမ်တော်ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်း သိမ်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂန့်ဂေါမြို့နယ်၌ မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး
Feb 15,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို စတင်ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ သက်တော်(၇၁)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်
Feb 15,2025
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်ချီးမြှင့်၊ အန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ငွေများ တိုးမြှင့်ချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
Feb 15,2025
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း(မြစ်ကြီးနား)၏ ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်းရှိ ဧရာမြစ်ဆုံခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။