သတင်းများ

‌ကျောက်ဆည်မြို့နယ် ပန်းခွာကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား
Feb 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပန်းခွာကျေးရွာတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်က နေအိမ်မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အမျိုးသားပြတိုက်(ရန်ကုန်)၌ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် “မြန်မာ့သနပ်ခါးနေ့” အထိမ်းအမှတ် လှုပ်ရှားမှုအစီအစဉ်ကျင်းပ  
Feb 16,2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် တပို့တွဲလပြည့်နေ့ (မြန်မာ့သနပ်ခါးနေ့) အထိမ်းအမှတ်အနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအဖြစ် ပညာပေးအစီအစဉ်အဖြစ်  ဖေဖော်ဝါရီလ(၇)ရက်နေ့မှစ၍ မတ်လ(၃၁)ရက်နေ့ထိ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက် (ရန်ကုန်)၌ ပြည်သူလူထုအား ပညာပေးလှုပ်ရှားမှုအစီအစဉ်အဖြစ် ကျင်းပလျက်ရှိရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး
Feb 16,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်းအပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း
Feb 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရှိရသည်။
အောင်မြေသာစံမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Feb 16,2025
၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတို့၌ အောင်မြေသာစံမြို့နယ် ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်ပုဂ္ဂိုလ်များအား မြို့နယ်ပရိယတ္တိ စာအောင်ဆု ထောက်ပံ့အဖွဲ့က အောင်လက်မှတ်နှင့်စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ နန်းရှေ့ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာ မဓမ္မဗိမာန်တော်၌ ယမန်နေ့ မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (191) စတေကာများကပ်ပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သိရှိနားလည်စေရန် ရည်ရွယ်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (191) စတေကာများ ကပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်နှင့် စည်ပင်သာယာဈေးကြီးအရှေ့ ပြည်ထောင်စုလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးန္တရာယ်ကင်းဝေးစေရေးစစ်ဆေး
Feb 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်စေရန် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Mental Health and Psychosocial Support (MHPSS) Framework and Roadmap အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကျင်းပ
Feb 16,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်း တို့ပူးပေါင်းပြုလုပ်သော Mental Health and Psychosocial Support (MHPSS) Framework and Roadmap အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပရာအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။