ဘီးလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းအချို့တွင် ရေကြီးမှုဖြစ်ပွား

ဘီးလင်း  ဇူလိုင် ၁၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ယနေ့နံနက်ပိုင်းမှစတင်ကာ ကန်သာယာရပ်ကွက် (၇) အတွင်းရှိ မြေနိမ့်ပိုင်းအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော နေရာများသို့ ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးမင်းတင် ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဿာန်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန်သာယာရပ်ကွက်(၇)မှ ရေဘေးသင့် အိမ်ထောင်စု ( ၂၅) စုမှ လူဦးရေ ၁၇၁ ဦးတို့အား ရေဘေးကယ်ဆယ်ရေးစခန်းထားရှိရာ အားကစားခန်းမသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)