ပျော်ဘွယ်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးအသိပညာပေး

ပျော်ဘွယ် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ကလေးသူငယ်များအတွက်သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး(Kaeru Caravan)အစီအစဉ်ကျင်းပခြင်းကို ဇူလိုင် ၁၀ ရက် နံနက်(၉)နာရီ က အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင် ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က နိုင်ငံတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် အစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများအတွက်လွန်စွာအသုံးဝင်သည့် အစီအစဉ်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက သဘာဝဘေးအန္တရာယ်လျော့ချရေး အသိပညာပေး (Kaeru Caravan)အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို အကူအညီပေးနိုင်မည့် ဗဟုသုတများကိုရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်နွဲ့ က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစီအစဉ်များတွင် စနစ်တကျလေ့လာသင်ယူနိုင်ရေးတိုကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲဝင်များက ကျောင်းသား၊ ကျောင်းသူများအား (Kaeru Caravan)အစီအစဉ်တွင်ပါဝင်သည့် မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြိမ်းသတ်သည့်ပစ္စည်း များအား မှန်ကန်စွာရွေးချယ်နည်း၊ စောင်ဖြင့်လူနာထမ်းစင်ပြုလုပ်နည်း၊ ရှေးဦးပြုစုနည်း စသည့်အကြောင်း အရာများကို လက်တွေ့သရုပ်ပြခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းတိုကို ပြုလုပ်ကြရာ မန္တလေးတိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

င်းမင်းထွေး(ပျော်ဘွယ်)