မိုင်းငေါ့ ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်မားနေသည့် အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ စာကြည့်တိုက်များ ခေတ္တယာယီပိတ်ထားရာ ယခုမေလမှ စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များအား စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့ပြည်သူ့စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ စာကြည့်တိုက်ဖွင့်လှစ်ပေးကာ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းအပြင် သုတ/ရသ စာအုပ်အသစ်များ မိတ်ဆက်ပေးခြင်း၊ ကလေးစာဖတ်ခန်း၌ ကလေးငယ်များအသိပညာ ဗဟုသုတရရှိရေးအတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ပြခြင်းစသည့် အစီအစဉ်များကို မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ထပ်ဆင့် လွှင့်တင်ပေးလျက်ရှိပြီး စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်စာစောင်များကို မည်သူမဆို(အခမဲ့) လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)