မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မအူပင် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်မှုနှင့် ပတ်သက်၍ မအူပင်ခရိုင် ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်သူများ သဘာဝ ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီး ဆက်လက်၍ မအူပင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက် မီးသတ်ဦးစီးမှူး ချစ်ပွင့်ကျော်က မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက် လာပါက ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရိက္ခါခြောက်များ ကြိုတင်ပြင်ဆင်မှု၊ ခိုလုံရာနေရာများ၊ ရှာဖွေ ကယ်ဆယ်ရေးအတွက် လူအင်အားစုဆောင်းထားရှိမှု အခြေအနေများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မိတ်ဖက်အဖွဲ့အစည်းများဖြင့် ဆောင်ရွက်သွားမည့် အခြေအနေများအား ပြည်သူများသိရှိစေရန် Talk Show အစီအစဉ်မှတဆင့် အသိပညာပေး ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)