ကန်ကြီးထောင့် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ်တွင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးခြင်းလုပ်ငန်းများကို ဇွန်လ၁ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ ၂၄ရက်နေ့အထိ ကျေးရွာအုပ်စု ၈၀ အနက် အုပ်စု ၂၀ မှတောင်သူ ၆၀၃ ဦး၏ လယ်ဧက ၄၆၇၄ ဧကအတွက် ငွေကျပ် ၇၀၁၁ သိန်းကို ထုတ်ချေးပေးပြီးဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင်၂၀၂၁ မိုးစပါးချေးငွေလျာထားချက်အနေဖြင့် လယ်ဧက ၅၇၀၀၀ မှ တောင်သူ ၈၁၀၀ အတွက် ချေးငွေကျပ် ၈၅၅၀၀ သိန်းအား ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ချေးငွေကာလကို ၂၀၂၁ ခုနှစ် မေလမှ စက်တင်ဘာကုန်အထိဖြစ်ပြီး၊ချေးငွေနှုန်းထားအနေဖြင့် တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် လယ်သမားတစ်ဦးလျှင် ၁၀ဧက အထိ သတ်မှတ်၍ချေးပေးမှာဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်းတောင်သူ ၁၀၀၈၂ ဦး၏လယ်မြေဧက ၇၁၁၁၄ ဧကအတွက် ထုတ်ချေးငွေ ကျပ်သိန်းပေါင်း ၁၀၆၆၇၁ ကိုထုတ်ချေးထားခဲ့ပြီး၊မိုးစပါးချေငွေကို အကြေပေးဆပ်ပြီးသူများကိုသာ ၂၀၂၁ ခုနှစ်မိုးစပါးချေးငွေကိုပြန်လည် ထုတ်ချေးပေးမည် ဖြစ်ကြောင်းသိရသည်။
ဇင်မာ