မြင်းခြံ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်လှိုင်က မြင်းခြံခရိုင်အတွင်းရှိ ခရီသွားလာရေး ကိစ္စများ အထူးစိစစ်ကြပ်မတ်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာများ နယ်လှည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေး လိုအပ်ပါက တောင်းခံနိုင်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ဌာနဆိုင်ရာ များ ပူးပေါင်းကာ အောင်မြင်စွာ ဆောင်ရွက်ကြရန်၊ ကျန်းမာရေးအတွက် တိုက်နယ်ဆရာဝန်များ အမြန်ပြန်လည်ခန့်ထားနိုင်ရေး အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ