လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက် သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် တွံတေးတံတားလမ်းမကြီး (ဝဲ/ယာ)နှစ်ဘက်လမ်း (အနံ၁၂ပေ/အလျား၃၁၆၈ပေ) ဆောင်ရွက်နေမှုအခြေအနေအား စနစ်တကျ ရေရှည်ခိုင်မာမှုရှိစေရေး ကွင်းဆင်းကြည့်ရှု့ခဲ့၍ လိုအပ်သည်များ ပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရမှာ စီမံဆောင် ရွက်ပေးမှုဖြင့်၂၀၂၀-၂၀၂၁တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရ သည်။
ဝေလွင်ကျော်