သတင်းများ

တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံ Ling Hein Ls-30 အမျိုးအစား စက်ရုံအား တောင်သာမြို့ အမှတ်(၆)ရပ်ကွက် ဘိုးဘွားရိပ်သာ၌ ယနေ့နံနက်(၉) နာရီခွဲ အချိန်က အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၇၆၈)ဦးနှင့် သေဆုံးသူ(၃၁)ဦးထိရှိလာ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့  သြဂုတ်(၁၃)ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က လာရောက်စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉  အတည်ပြုလူနာ(၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၇၆၈)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Aug 14,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေများ လှူဒါန်း
Aug 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အာယုပါလဆေးခန်းတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးမှ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်းတတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (SinoPharm)ကို တတိယအကြိမ်  အောင်မြင်စွာထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် စုရပ်များအနေဖြင့်  မြင်းမူမြို့   အနောက်ပိုင်းရပ်ကွက်ရှိ အထက(၁)၊ အထက( ၂ )၊ မိုးလုံလေလုံအားကစားခန်းမ၊ တောင်ပိုင်းရပ်ကွက်ရှိ   စွန်းလွန်းကျောင်းတိုက်ဓမ္မာရုံ၊ မြောက်ပိုင်းရပ်ကွက်ရှိ အမက( ၂ ) ကျောင်းများတွင်  နေရာ (၅)ခုခွဲ၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက    ပူးပေါင်းကာ စုစုပေါင်းလူဦးရေ (၁၀၀၀)ဦးကို တတိယအကြိမ်အဖြစ်ထိုးနှံပေးပြီးဖြစ်ပါသည်။
ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများလှူဒါန်း
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေများလှူဒါန်းမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်မလိုက်နာသော ပြည်သူများအား စစ်ဆေးအရေးယူ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာ ဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။