လပွတ္တာမြို့နယ်အတွင်း၌ သဘာဝဘေးအန္တရာယ်အရေးပေါ် တုံ့ပြန် ကူညီကယ်ဆယ်နိုင်ရန် ရှာ‌ဖွေကယ်ဆယ်‌ရေး အဖွဲ့ဝင်အင်အား အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိ

လပွတ္တာ ဩဂုတ် ၁၄

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် မီးသတ်စခန်းရှေ့ကွင်း၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးရှာဖွေကယ်ဆယ်ရေး အဖွဲ့များဖွဲ့သည်းပြီး အသင့်ပြင်ဆင် ဇာတ်တိုက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထို့နောက် လပွတ္တာမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ (၃၀) ဦးနှင့် အရန်မီးသတ်( ၅)ဦး စုစုပေါင်း (၃၅)ဦး ဖွဲ့စည်း ဆောင်ရွက် ထားရှိပြီး မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်းသန္ဓေ(၃၀) ဦး၊အရန်မီးသတ်( ၅)ဦး စုစုပေါင်း (၃၅)ဦးဖြင့် ဖွဲ့စည်းထားပြီး စုဖွဲ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း လပွတ္တာခရိုင် မီးသတ် ဦး စီးဌာန၊ခရိုင် မီးသတ် ဦးစီးမှူးထံမှသိရသည်။

 

ယောဧရာ(ခရိုင်ပြန်/ဆက်)