သတင်းများ

ဟိုပုံးမြို့၌ ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)ကောင် စိုက်ထည့်ခြင်း အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Aug 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၁၁နာရီအချိန်က ဟိုပုံးမြို့မရေလွှဲဆည်နှင့် နောင်ဘိုကန်တို့တွင် စိုက်ထည့်ခဲ့ကြသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင်တမံမှ ရေကျော်ကျမှု (၁ ဒသမ ၃ပေခန့်) လျော့နည်းကျဆင်းလာ
Aug 18,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများစိုက်ပျိုးရေးတွင် အဓိကအားထား အသုံးပြုနေရ သည့် ဆဒ္ဒန်ဆည်၊ စွန်ဆည်၊ ပုလင်းဆည်၊ ဘုတ်ချောင်းဆည်များအနက် ဆဒ္ဒန်ဆည် တမံသည် ဇူလိုင်လကုန်ပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေပိုလွှဲမှရေကျော် ကျမှုများရှိခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်
Aug 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ယနေ့နံနက် ၉:၃၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဌာနဆိုင်ရာများ၊လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်များနှင့် Mask များ ထောက်ပံ့လှူဒါန်း
Aug 18,2021
ကျိုက်ထိုမြိုနယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ အတွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ လူမှုကူညီရေးအသင်းများ၊ ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်နှင့် Mask များ ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂၀၀)ဉီးခန့် ထားရှိနိုင်မည့် Quarantine Center တည်ဆောက်လျက်ရှိ
Aug 18,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀၀)ဉီးခန့် ထားရှိနိုင်မည့် Quarantine Center ကို စံလင်းဖြိုး ကုမ္ပဏီ မှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေး
Aug 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စုပေါင်းရုံး (OSS)တွင် (၂)နေရာ၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)တို့တွင် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့ နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပရဟိတလူငယ်များမှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က လောင်းလုံးမြို့နယ်၊ ပရဟိတလူငယ်အသင်းမှ မြို့ပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်းသိရသည်။