လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လပွတ္တာ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ အခြေခံပညာကျောင်းများ၏ အရှေ့မျက်နှာစာတွင်ရှိသော ချုံနွယ်နှင့် ပေါင်းမြက်များ ရှင်းလင်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေး၊စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့စသည့်အဖွဲ့များဖွဲ့စည်းပြီး စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူများ နေအိမ်တွင် ကုသခြင်းများသည် အလွန်အန္တရာယ်များသဖြင့် နီးစပ်ရာအုပ်ချုပ်ရေးမှူးများနှင့် ဆေးရုံများတွင်သာ ကုသနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အောက်ဆီဂျင်လုံ လောက်မှုရှိစေရန်နှင့် လိုအပ်ပါက ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထား ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန် နှင့်တစ်ပြေးညီ တင်ပြသွားကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသောမြို့ နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသောမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယောဧရာ (ခရိုင်ပြန်/ဆက်)