ကျိုက်ထိုမြို့နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဌာနဆိုင်ရာများ၊လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်များနှင့် Mask များ ထောက်ပံ့လှူဒါန်း

ကျိုက်ထို    ဩဂုတ် ၁၈


 ကျိုက်ထိုမြို့နယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ အတွင်း  စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ လူမှုကူညီရေးအသင်းများ၊ ပရဟိတအဖွဲ့များအား အခြေခံစားသောက်ကုန်နှင့် Mask များ ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်ထို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ မြိုနယ် စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့၀င် ဗိုလ်မှူးပြည်ထွန်း တို့ မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်းမှာ စား၀တ်နေရေး အခက်အခဲနှင့် ရောဂါ ကာကွယ်ရေးကို အထောက်အကူ ဖြစ်စေရန် ကူညီထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျှော့ချရေး လုပ်ငန်းများတွင်လည်း ငွေအား၊လူအား၊ နည်းပညာအားများဖြင့် ဝိုင်း၀န်း ကူညီပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။ 

ထို့နောက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) မှ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်း၀င်များ၊ ပရဟိတ အဖွဲ့များအား ကြက်သွန်၊ခေါက်ဆွဲ၊ဆား၊ကြက်ဥ၊ရေသန့်နှင့် Maskများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်