လောင်းလုံးမြို့ နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပရဟိတလူငယ်များမှ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

လောင်းလုံး ဩဂုတ်  ၁၈

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က လောင်းလုံးမြို့နယ်၊ ပရဟိတလူငယ်အသင်းမှ မြို့ပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်းသိရသည်။

      အဆိုပါ ပိုးသတ်ဆေးများဖျန်းပေးရာတွင် လောင်းလုံးမြို့ပရဟိတလူငယ်အဖွဲ့  ခေါင်းဆောင် ကိုခင်မောင်လေးမှ ဦးဆောင်၍ ပရဟိတ လူငယ်အဖွဲ့များက ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်၊ လမ်းဆုံလမ်းခွနှင့် လမ်းဘေးဝိုင်းရံများတွင် ပိုးသတ်ဆေးများဖျန်းပေးခဲ့သည်။

      လောင်းလုံးမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၆၈၅)ဦးအထိရှိလာပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၆၈၅)ဦး အနက် ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းသူဦးရေ (၅၆၉)ဦး၊ သေဆုံးသူဦးရေ(၂၃)ဦးနှင့် ကျန်ရှိ(၉၂)ဦးဖြစ်ပြီး၎င်းပိုးတွေ့ရှိသူများအားမြို့ နယ်ပြည်သူ့ဆေးရုံရှိ သီးခြားအဆောင်တွင်လည်းကောင်း၊ Home Quarantineတွင်လည်းကောင်း၊ သတ်မှတ် Quarantine Centerလည်းကောင်း အသီးသီးဆေးကုသခံယူလျက်ရှိကြောင်းသိရသည်။

လောင်းလုံး( ပြန်/ဆက်)