ကျောက်မဲမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်မဲ ဩဂုတ် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်း၌  ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ စ၍ ဩဂုတ် လဆန်းပိုင်းအထိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိက လုပ်ငန်းဝန်ထမ်းများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်သူများကို Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ အဆိုပါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ယနေ့မှစ၍ ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှသိရသည် ။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)