ကျောက်တံခါး သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်- ၁၉ ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့ညနေပိုင်းက ဆန်တစ်ပြည် တစ်ထောင်ကျပ်ဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် စုစုပေါင်းဆန်အိတ် (၂၅)အိတ် အား မော်တော်ယာဥ်များဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းသို့ လိုက်လံရောင်းချပေးခဲ့သည်။
ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းမှ ဆင်းရဲနွမ်းပါးပြည်သူများအား ရပ်ကွက်/ ကျေးရွာများအရောက် နေ့စဉ် ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး စုစုပေါင်းရောင်းချပေးရန် ဆန်အိတ်(၅၀၀)အား စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။
စန်းစန်း