သတင်းများ

ဘူးသီးတောင်မြို့နယ် အကျဉ်းဦးစီးဌာနဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်
Sep 08,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမောင်သိန်းနှင့် အဖွဲ့သည် စက်တင်ဘာလ(၈) ရက်နေ့ နံနက်(၈)နာရီ အချိန်က ဘူးသီးတောင်မြို့နယ် အကျဉ်းဉီးစီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဂန့်ဂေါမြို့သို့ အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန် ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထောက်ပံ့သော အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက စက်ရုံသို့ရောက်ရှိပြီဖြစ်သည်။
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Sep 08,2021
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေ အနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်စေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြိ့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်အတွင်း၌ မော်တော်ယာဉ်ဖြင့်လှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေး လိုက်နာဆောင်ရွက်နိုင် စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က လိုက်လံနှိုးဆော်ကြေ ညာပေးခဲ့ကြောင်း သိရသသည်။
ရွှေပြည်သာ မြို့နယ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံပြီးသူ ပေါင်း(၂၉၉၀)ဦးရှိပြီဖြစ်
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ   (၇) ရက်နေ့အထိ(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား  ဩဂုတ်လ(၂၈)ရက်နေ့မှ   စ၍ စက်တင်ဘာလ (၇)ရက်နေ့အထိ( ဒုတိယအကြိမ်) ကိုဗစ်ကာကွယ် ဆေးကို ပြန်လည်ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၂၄၈၉)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂၂)ဦး၊ စေတနာ့ဝန်ထမ်း (၄၄၉)ဦး၊ ဘုန်းကြီး၊သီလရှင်( ၄)ဦး၊ နိုင်ငံဝန်ထမ်း( ၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု( ၂၀)ဦး၊ စုစုပေါင်း  (၂၉၉၀)  ဦးအား ကာကွယ် ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတွင် ရွာတွင်းလမ်းအရှည်ပေ ၁၄၀၀၀ ကျော်ထိ အဆင့်မြှင့်တင်‌ ပေးနိုင်ခဲ့ကြောင်းသိရ
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ
ကျောက်ဆည်မြို့နယ်၊ ကြက်ဆင်ကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်လျက် ရှိသော တောင်သူများအနေဖြင့် ဆည်ရေသောက် မြေများသောကြောင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံစိုက်ပျိုးကြပြီး ကတဲကျေးရွာအုပ်စု၊ ကြက်ဆင် ကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ဖိုစွတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ်ထုတ်ချေး
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန က ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖိုစွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများတွင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေဖြင့် ထုတ်ချေးပေးလျက်ရှိ
Sep 08,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင်