သတင်းများ

ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှအရာရှိ၊ အရာခံ၊ စစ်သည်များနှင့် မိသားစုဝင်များ၏ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကအမှတ်(၂၀၈)ခြေမြန်တပ်ရင်းခန်းမ၌ ပြုလုပ် ပေးခဲ့သည်။
ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှု ကျဆင်းလျော့နည်း  
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌  တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် ရပ်ကွက်/ကျေးရွာပြည်သူများသည် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ ဖျားနာခြင်း လက္ခဏာများ ဖြစ်ပေါ်ခံစားရ၍  မြို့နယ်ပြည်သူ့ဆေးရုံသို့          လာရောက်ကာ  RDT Test Kit ဖြင့် ဆေးစစ်မှုကိုခံယူကြပြီး ရောဂါပိုးတွေ့ ( Positive ) လူနာများကို        ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံ စိန်ကြည်ဆေးကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေးဝန်ထမ်းများက  နေ့စဉ်အနီးကပ်ကြပ်မတ် ကုသပေးလျှက်ရှိကြောင်းသိရသည်။  
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 08,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ လူစည်းကားရာနေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် ၊ ကျိုက္ခမီမြို့ မြမာလာကျေးရွာ၌ အစေးခြစ်ခြင်း သင်တန်းဖွင့်လှစ်
Sep 08,2021
မွန်ပြည်နယ်၊   မော်လမြိုင်ခရိုင်၊  သံဖြူဇရပ်မြို့နယ်၊   ကျိုက္ခမီမြို့  မြမာလာကျေးရွာ၌  တောင်သူများမှ   ရော်ဘာပင်ကိုစနစ်တကျ အစေးခြစ်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အစေးခြစ်ခြင်း သင်တန်းကို   ယမန်နေ့နံနက် ( ၉) နာရီက မြမာလာကျေးရွာ  အုပ်ချုပ်ရေးမှူးရုံး၌  ကျင်းပပြုလုပ် သည်။
(ဒုတိယအကြိမ်)ကာကွယ် ဆေးထိုးနှံနိုင်ရေး ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အတွင်းရှိမိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကိုသြဂုတ်လ (၁)ရက်နေ့မှစတင်ခဲ့ရာ ယခုအခါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းသို့ပြန်လည် ရောက်ရှိလာပြီဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏လမ်းညွှန်မှုဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များကကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညပိုင်းအချိန်က  မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ ကြသည်။
ရွှေပြည်သာမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအသိပေးခြင်း၊ သတိပေးခြင်းများ လှည့်လည်နှိုးဆော်
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့ နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေ ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိ စေရန်ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဌဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့်ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ကျေးရွာများအလိုက် ယမန် နေ့ ညနေပိုင်း အချိန်က မော်တော်ယာဉ်အသံချဲ့စက်ဖြင့်လှည့်လည် နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံအသက်ကယ် ပြုစုနည်းသရုပ်ပြခြင်း ဆောင်ရွက်
Sep 08,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံအသက် ကယ်ပြုစုနည်းသရုပ်ပြခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးထပ်မံတွေ့ရှိ၊ ဆေးရုံဆင်းခွင့်ရရှိသူ (၅)ဦးရှိ
Sep 08,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ သံသယလူနာ(၆)ဦးအား Covid-19 Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ(၃)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းသိရသည်။