သတင်းများ

တာမွေမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဖြူခရိုင်အတွင်းရှိ ဆေးရုံများသို့ Kyaukphyu Electric Power Company Limited မှ  ဒုတိယအကြိမ် အောက်ဆီဂျင်အိုးနှင့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း
Sep 08,2021
ကျောက်ဖြူခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် သုံးပြုရန် Kyaukphyu Electric Power Company Limited မှ အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ မွန်းတည့် ၁၂ နာရီအချိန်ကပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀)ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေး
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မူလတန်းလွန် ကျောင်း ဟောခန်းမ၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ရုံး ဦးစီးမှူးနှင့် ဌာနဝန်းထမ်းများက ရွာကြီးအင်းကျေးရွာ ဒေသခံပြည်သူများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀) ကျော်
ကော့မှူးတွင်  ဆန်၊ဆီ၊ကြက်ဥများဈေးနှုန်း သက်သာစွာဖြင့် လာရောက်ရောင်းချပေး
Sep 08,2021
 ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ များအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန် မှုမြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှေ့ တွင် ဒေသခံပြည်သူများအား ဆန်၊ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့်လာ‌ ရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၂ ဦး ဆက်လက်ဝင်ရောက်
Sep 08,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၂ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့လုပ်အားရှင်များအား တိုင်းဒေသကြီးအစိုးရမှ ထောက်ပံ့ငွေပေးအပ်
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးအစိုးရမှ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော စေတနာ့လုပ်အားရှင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆိုင်းဘုတ်တင်ခြင်းပြုလုပ်
Sep 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မိဘပြည်သူတိုင်းရင်းသားများအနေဖြင့် တွေ့မြင် သိရှိပြီး ဆက်သွယ်လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ လူမှုဘဝပြည့်စုံဖို့ ပန်းခင်းလမ်းကို လျှောက်ကြစို့ ဆိုင်းဘုတ်တင်ခြင်းအခမ်းနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ” လက်ကမ်းစာစောင်များဖြန့်ဝေပေး
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ “ ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေ အရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” လက်ကမ်းစာစောင်များအား ယနေ့ နံနက် ၈ နာရီ က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ပြည်သူ့လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။