ငရုတ်ကောင်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ရွေးချယ်ရေးအဖွဲ့မှ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ကြီးကြပ်ရေးအဖွဲ့ဝင်များ စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ခေါင်းဆောင်သောအဖွဲ့မှ ငရုတ်ကောင်းမြို့ အမှတ်(၁) ရပ်ကွက်သို့ သွားရောက် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်နိုင်ရန် ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု များသို့ သွားရောက်၍ အိမ်ထောင်စု ကိုယ်စားလှယ်များအား ဖိတ်ကြားကာ ကြီးကြပ်ရေး အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် လိုသူများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ကွင်းဆင် ဆောင်ရွက် သွားမည်ဖြစ်သည်။
ထိုကဲ့သို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်သွားနိုင်ရန် ဌာနဆိုင်ရာများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကြီးကြပ်ရေး အဖွဲ့ဝင်များအား စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)