ကော့ကရိတ်မြို့​ ကော့ပေါက်ကျေးရွာတွင် တည်ဆောက်မည့် ကျေးရွာခန်းမဆောင် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

ကော့ကရိတ် ဇန်နဝါရီ ၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ကော့ပေါက်ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယ​နေ့ နံနက် (၉) နာရီချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာခန်းမဆောင် တည်ဆောက်ရန်အတွက် ကော့ပေါက်ကျေးရွာ ရွှေကျောင်း ဆရာတော် ဦးဥတ္တမထံမှ ပရိတ်ရွတ်တရားနာယူ၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ စီမံကိန်း အ​ထောက်အကူပြု​ ကော်မတီဥက္ကဋ္ဌတို့မှ ပန္နရိုက် အမွှေးနံ့သာများပတ်ဖြန်းခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။၊ အဆိုပါ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းရန်ပုံငွေ (၅၁၉) သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာ အားဖြင့် (အရှည် ၈၂ ပေx အနံ ၃၆ ပေ x အမြင့် ၁၃ ပေ) ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း  စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပါက ကျေးရွာအတွင်းနေထိုင်သော အိမ်ထောင်စု (၁၀၀၇) စု လူဦးရေ (၅၈၂၅) ဦးအတွက် ဘာသာရေး၊ လူမှုရေး၊ သာရေး/နာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း  အစည်းအဝေးများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း