လှိုင်မြို့နယ်တွင်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 18,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈:၃၀) နာရီအချိန်က လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းများသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။