လက်ပံတန်း ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများသွားလာရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀- ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် မအူကုန်ရပ်ကွက်တွင် ကရင်မေတ္တာလမ်း ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ငွေလုံးငွေရင်းအသုံးစရိတ် ၂.၁၈၉ ကျပ်သန်းဖြင့်အလျား ၁၅ ပေ၊ အနံ ၅၃၁ ပေ နှင့် ၃လက်မ ထုဖြင့် ဆောင်ရွက်ထားပြီး ပြည်သူများသွားလာရေး ကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း လက်ပံတန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ဝင့်နန္ဒာဌေး