ကျောက်တန်း ဇူလိုင် ၄
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင်လည်း စတင်ကူးစက်ပျံ့နှံ့လာသည့်အတွက် ရွှေမှော်ဝန်းသာသနာ့ဗိမာန် အား ကိုဗစ်-၁၉ ယာယီဆေးကုသရေး စင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က ဦးဆောင်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးကော်မတီဝင်များ၊ စေတနာ့ ဝန်ထမ်းများက မိမိတို့မြို့နယ်အတွင်း တွေ့ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများ နေထိုင်စားသောက်ရေးအဆင်ပြေ စေရန်အတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ယာယီဆေးကုသရေး စင်တာ(ရွှေမှော်ဝန်းသာသနာ့ဗိမာန်)တွင် လတ်တလောအချိန်ထိ လူဦးရေ (၅၂) ဦးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၂) ဦးရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၂) ဦးရှိပြီဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကော်မတီထံမှ သိရသည်။
ခင်ဆွေဝင်း