ရှမ်းရွာသစ် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ရှမ်းရွာသစ်မြို့ပေါ်ရပ် ကွက်များရှိ အသက်(၆)လမှအသက်(၅)နှစ်ထိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့က ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမဒေါ်နန်းစုစုအောင်က ကလေး ငယ်များကြီးထွားဖွံ့ဖြိုးမှုအတွက် အစာအာဟာရပြည့်ဝစွာကျွေးမွေးရန် ပညာပေးဆွေးနွေးခြင်း၊ ကျန်းမာရေး ဆိုင်ရာအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီးနောက် ကျန်းမာရေးဌာနမှဝန်ထမ်း များတို့က အသက် (၅)နှစ်အောက်ကလေးငယ်များအား အာဟာရချို့တဲ့မှုရှိ/မရှိ လက်မောင်းလုံး ပတ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင် (A)ကိုလည်းကောင်း၊ အသက်(၂)နှစ်အရွယ်ကလေးငယ်များအား သန်ချဆေးကိုလည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)