ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်

ဖျာပုံ ဇူလိုင် ၅
 
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော မြို့မဈေးကြီးရှေ့၊မြောက်ပိုင်းဈေး၊ ရွှေစင် ကုန်စုံဆိုင်ရှေ့နှင့် အမှတ်(၁၄)ရပ်ကွက်ချောင်းတွင်း လမ်းမကြီးဘေးတို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ကို နေ့စဉ်နံနက်(၈)နာရီအချိန်မှစတင်၍ ပြုလုပ်ဆောင်ရွက်ကြကြောင်းသိရသည်။
 
အဆိုပါ ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပါင်းအဖွဲ့သည် လူစည်ကားရာ နေရာများဖြစ်ကြသော မြို့မဈေးကြီးရှေ့၊ မြောက်ပိုင်းဈေး၊ ရွှေစင်ကုန်စုံ ဆိုင်ရှေ့နှင့် အမှတ်(၁၄)ရပ်ကွက် ချောင်းတွင်း လမ်းမကြီးဘေးတို့တွင် မြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaignပြုလုပ်ခြင်း၊ လှည့်လည်အသိပညာပေး ကြေညာခြင်းတို့အား နေ့စဉ်ပြုလုပ် ဆောင်ရွက်ကြပြီး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရေး၊ လမ်းသွားလမ်း လာပြည်သူ များအား Mask(၁၀၀၀)ခုအားနေစဉ် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။