ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်၊ ဇူလိုင် ၅
 
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ် ရုံးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်း သိရသည်။
 
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက် များနှင့် စာပေဖတ်ရှုသည့် အလေ့အထ တိုးတက်မှုရှိစေရန် စာဖတ်ဝိုင်းကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်နောင်ဦးက ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ အခြေခံမူများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုမြင့်ကြည်က ဝန်ထမ်းစည်းကမ်း ဆိုင်ရာဆိုင်ရာပြစ်မှုများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦး ကိုကိုနိုင်က ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အငယ်တန်းစာရေး ဦးဘုန်းကျော်က ဌာနဆိုင်ရာ အရေးယူခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆွေးနွေးပြောကြားပြီး မြို့နယဦးစီးမှူး ဒေါ်နေခြည်ဦးက ဝန်ထမ်းများ၏ ခေါင်းစဥ်အလိုက်နားလည်မှု ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်ဆည်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)