ကျောက်ဖြူ ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများမရှိစေရန်နှင့် ကြိုတင် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနနှင့်ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြို့မဈေးကြီး အတွင်းရှိ ဈေးရောင်း /ဈေးဝယ်ပြုလုပ်နေသူများကို ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face shield များအခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့မှ ဝန်ထမ်းတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့တို့မှ ကျောက်ဖြူမြို့ရှိ လူသွားလူလာများသော မြို့မဈေးကြီး အတွင်းတွင် ဈေးရောင်း/ ဈေးဝယ်ပြုလုပ်နေသူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ပါးစပ်နှာခေါင်းစည်း Mask နှင့် Face shield များတပ်ဆင်ပြီးမှသာ ဈေးရောင်းချစေရန်၊ နေအိမ်အပြင်ပသို့ထွက်ခွာသွားတိုင်း Mask ကိုစနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ လက်ကို မကြာခဏဆေးကြောကြရန်နှင့် လူစုလူဝေးများကို တတ်နိုင်သမျှ ရှောင်ရှားကြရန် အစရှိသော ကာကွယ်ရေးနည်းလမ်းများကို လက်ကိုင်အသံချဲ့စက်ဖြင့် အသိ ပညာပေးပြောကြားပြီး Mask နှင့် Face shield များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် လမ်းသွားလမ်း လာပြည်သူများနှင့် အငှားယာဉ်မောင်းနှင်နေသူများကို ပါးစပ်နှာခေါင်းစည်း Maskများ ဝေငှပေးခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်း စည်း Mask ၃၀၀၀ ခုနှင့်Face shield ၂၀၀ ခုတို့ကို အခမဲ့ကွင်းဆင်းဖြန့်ဝေပေးကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး