ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်း ရှိ ၊မရှိ ကွင်းဆင်းစစ်ဆေး

 

ပလောက် ဇူလှိုင် ၅ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့ နံနက် ၇ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူ /ဝယ်သူအားလုံး (Msak) နှာခေါင်းစည်းများ အား မဖြစ်မနေကြတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ၊ မကြာခဏ လက်ဆေးကြရန်နှင့် နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက်ကုန်များကို သာရောင်းချ ကြရန်နှင့် အခြားကုန်ပစ္စည်းများရောင်းသော ဆိုင်များကို  ယာယီပိတ်ထားကြရန်တို့ကို အသိပညာပေး ပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်မှု မရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်