မြောက်ဦးမြို့၌ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာ ရီက ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။