မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များ One Stop Service စနစ်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်
Jul 09,2021
နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဥပဒေ နှင့်အညီ မှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိုင်ရန်၊မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ လျော့နည်း ပပျောက် စေရန်၊ နိုင်ငံတော်က ရသင့်ရထိုက်သောအခွန်ဘဏ္ဍာများဆုံးရှုံးမှုမရှိစေရန်၊ မြို့ပြ ကျေးလက်နေ ပြည်သူ များ သွားလာမှုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတက်မှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ One Stop Service စနစ်ဖြင့်မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားထားချက်အရ သိရသည်။