သတင်းများ

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ မွေးလူနာ ခွဲစိတ်မွေးဖွားမှု အောင်မြင်
Jul 11,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုး သမီးကို ယမန်နေ့ ညနေပိုင်းက စစ်ကွင်းတိုက်နယ်ဆေးရုံမှာ အောင်မြင်စွာခွစိတ် မွေးဖွားပေး နိုင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး (Stay at Home) ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိစစ်ဆေးကြပ်မတ်
Jul 11,2021
မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် မြို့နယ်   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့(၃)ဖွဲ့ဖြင့်  ယမန်နေ့  မွန်းလွဲ ၁ နာရီမှ  ၄ နာရီအထိ ဈေးကြိုရပ်ကွက်  မီးပွိုင့်လမ်းဆုံ၌ ပြည်သူများ (Stay at Home)ကာလ  နေအိမ်ပြင်ပဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား Take-away စနစ်ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Jul 11,2021
          ယခုမြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှ မျိုးရိုးဗီဇပြောင်းကူး စက်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့နေမှုကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင် များအား Take-away စနစ်ဖြင့် ရောင်းချရေး  ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမြင့်မားကာ ပိုးတွေ့ အတည်ပြုလူနာသစ် (၃၅၅)ဦး ထပ်မံတွေ့ရှိ
Jul 11,2021
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများ မြင့်မားလျက်ရှိပြီး ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၃၅၅)ဦး ထပ်မံတွေ့ရှိကာ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာပေါင်း(၁၅၈၃)ဦး အထိရှိလာကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Jul 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း
Jul 11,2021
မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်   ကျိုက္ခမီမြို့တွင်    ကိုဗစ်-၁၉ ရောဂါကာကွယ်   ထိန်းချုပ်နိုင်ရေး အတွက် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားသို့ ရပ်နီး၊ရပ်ဝေးမှ  ရဟန်းရှင်လူ ပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုခွင့်ကို ဂေါပကအဖွဲ့မှ ဇူလိုင် ၅ ရက်မှစတင်ပြီး ယာယီရပ်ဆိုင်းထားကြောင်း သိရသည်၊၊
မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လှည့်လည်နှိုးဆော်
Jul 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအထိ မော်တော်ယာဉ်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြကြောင်း သိရသည်။